လွန်ခဲ့ သောနှစ်ပေါင်း နှစ်ရာခန့် က ယခုစင်ကာပူဟုခေါ်တွင်လာမည့်  စူကာပင်မြေပဲဆံကျွန်းလေး၌် အလွန်ထင်ရှားခဲ့ သောတောင်ကုန်းလေးတစ်ခုရှိခဲ့ လေသည်။ (မယုံမရှိပါနှင့် ၊ ယခုဘုကစ်တီမားဟုခေါ်သည်။)
ကမ္ဘာအရပ်ရပ်ရှိထိပ်သီးသိုင်းသမားများလာရောက်စုဝေးရာ အထိကရ နေရာတစ်ခုပင်ဖြစ်ပေသည်။ ဆယ်နှစ်တစ်ကြိမ်ဆိုသလို “တိုတို(Toto)” ဟုခေါ်တွင်သော သိုင်းလောကခေါင်းဆောင်ရွေးချယ်ပွဲကြီးကို ကျင်းပလေ့ရှိသည်။ အိန္ဒိယ ၊ တရုတ် ၊ ဘင်္ဂလားဒေ့ ရှ် ၊ မြန်မာ ၊ ဖိလစ်ပိုင် တို့ မှ သိုင်းသမားအများစုလာရောက်ကြပြီး အနောက်နိုင်ငံများမှ သိုင်းသမား အနည်းစုလည်း လာရောက် ယှဉ်ပြိုင်ကြသည်။ ဒေသခံစူကာပင်လူမျိုးများမှာ သိုင်းပညာ၌ပါချီပါချက်ပင် ဖြစ်သော်ငြားလည်း အိမ်ရှင်ဖြစ်သောကြောင့် ပါဝင်ခွင့် ရကြလေသည်။
သို့ သော်ကမ္ဘာ့ သိုင်းလောကမှစည်းမျဉ်းအရ သက်ဆိုင်ရာလူမျိုးတို့ ၏ ရိုးရာဝတ်စုံဖြင့် သာယှဉ်ပြိုင်ရမည်ဖြစ်သဖြင့်  စူကာပင်တို့ မှာရိုးရာဝတ်စုံဟုခေါ်စရာပင်မရှိသောကြောင့် ကိုယ်တုံးလုံးဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြရမည်ဖြစ်လေသည်။ ပြိုင်ပွဲကြီးမှာပါဝင်သူများပြားသောကြောင့်  ခုနစ်ရက်ခုနှစ်လီ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲကြီးကြပ်ရေးဒိုင်လူကြီးများအဖြစ် စူကာပင်လူမျိုး လေရွံ့ လုံး ၊ ဂူရှစ်ထောင် နှင့် အတူတရုတ်ပြည်မှ အထူးဧည့်သည်တော်ရွှေပန်းနဲ့ ဖွားဖွားတို့  ကတာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။(ရွှေပန်းနဲ့ ဖွားဖွားသည်သိုင်းလောကတွင်ရေပန်းစားခဲ့ သည့်  ရွှေပန်းပွင့် ဖွားဖွား၏အစ်ကိုကြီးဖြစ်ပြီး မကြာသေးမှီကမှ စူကာပင်လူမျိုးအဖြစ် convert လုပ်ထားသူဖြစ်သည်။)
ပြိုင်ပွဲပထမနေ့  ဖွင့် ပွဲအနေဖြင့်  ဘင်္ဂလားဒေ့ ရှ် သိုင်းသမား(ဘင်းကြီး) နှင့်  ဖိလစ်ပိုင်သိုင်းကလျာ (ဖားဒေဝီ) တို့ ၏ပွဲဖြစ်သည်။ဘင်းကြီးကအုတ်သယ်သိုင်းကွက် ၁၆ ချက်ဖြင့်  စတင်တိုက်ခိုက်သည်။ ဖားဒေဝီကလည်း ကြမ်းတိုက်ပြောင်လက် ၁၉ ကွက်ဖြင့် ပြန်လည်ခုခံ၏။ ဘင်းကြီးကသူ၏တိုက်ကွက်များမထိရောက်သဖြင့် ဝရိန်တို့ ကွက် ၂၈ ကွက်ကိုသုံးပြီး ဖားဒေဝီ၏ အပျော့ ပိုင်းနေရာများကိုရွေးပြီး တို့ သည်။ သို့ သော်ဖားဒေဝီက အသာအရာရှောင်ရင်း ဘင်းကြီးကအပျော့ ပိုင်းကို မတို့ နိုင်မှီ ချက်ကောင်းကို ကိုင်ခဲ့ လေပြီ။
မည်သည့် အချိန်ကမည်သို့ ထွက်လာသည်မသိသောမျက်စည်းတံကဘင်းကြီး၏ နှာခေါင်းဝသို့ ထောက်ကာ နှာကြောပိတ်လိုက်လေ ပြီ။ဘင်းကြီးမျက်လုံးကလယ်ကလယ်ဖြင့် ဖားဒေဝီအားရှူံးနိမ့် သွားခဲ့ လေပြီ။ ပြိုင်ပွဲကျင်းပရေးကော်မတီက နောက်တစ်ပွဲစတင်ရန် ကြေညာလိုက်သည်။
ဒုတိယပွဲစဉ်အဖြစ် မြန်မာပြည်မှသိုင်းသမား “အတက်တိုဂွတို” နှင့် စူကာပင်လူမျိုး ဆန်ချပ်ကူသိုင်းသမား “ပါလေရာဆွန်မိုင်”တို့ ပင်ဖြစ်သည်။ အတက်တို ကသူ့ အရပ်နှင့်  နှစ်ဆလောက်မြင့် သော သံတုတ်ကြီးတစ်ချောင်းကို ထမ်းပြီး ပြိုင်ပွဲကွင်းအတွင်းသို့ ဝင်လာသည်။ ပရိတ်သတ်က အတက်တို၏ သံတုတ်ကြီးကိုကြည့် ပြီးဟင်ခနဲဟာခနဲဖြစ်ကုန်လေသည်။ အတက်တို၏ရောင်းရင်းများကတော့  သိပ်မအံ့ သြ။ “သူကဒီလိုပဲ ရုံးမှာအချိန်ပိုနေပြီး လစ်ရင်လစ်သလို အလုပ်ထဲက ပိုက်တွေခိုးခိုးလာတတ်တယ်လေ။ ဒီတော့ သူဒီတုတ်လောက်တော့  အသာလေးထမ်းနိုင်ပါတယ်။”ဟု အတက်တို နှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ ဖူးသော “အတွင်းအားဘုရင်ပေါက်လှ”ကပရိတ်သတ်ဘက်ကို အော်ပြောလိုက်သေး၏။
ပြိုင်ပွဲကွင်းအတွင်းရောက်သည်နှင့် အတက်တိုက သူထမ်းလာသောတုတ်ကြီး၏လျို့  ဝှက်ခလုတ်ကိုနှိပ်လိုက်ရာ တုတ်မှာလေထဲသို့  ရုတ်တရက်မြောက်တက်သွားပြီး နှစ်ပိုင်းဖြစ်သွားသည်။ မရှေးမနှောင်းဆိုသလိုပင် တုတ်ပိုင်းများ၏ထိပ်တဖက်ဆီမှ ကြက်တက်ပုံစံအတထစ်ကြီးတစ်ခုစီထွက်လာသလို အခြားတဖက်ဆီမှလည်း လက်ကိုင်ကွင်းကြီးများထွက်လာလေသည်။ ထို့ နောက် လေပေါ်မှပြန်အကျ အတက်တိုကကျင်လည်စွာဖမ်းပြလိုက်လေသည်။ စူကာပင်ပြိုင်ဘက် ပါလေရာဆွန်မိုင်က အတက်တို၏လက်နက်ဆန်းကို အနည်းငယ်ထိတ်လန့် သွားသော်လည်း ဟန်ဆောင်ကောင်းသူပီပီ ဂရုမစိုက်သလိုပြုကာပြိုင်ပွဲအတွင်းသို့ သူ၏ ဆန်ချပ်ကူကြီးကိုင်ကာ လန်းလန်းလန်းလန်းဖြင့်  ဝင်လာလေသည်။
ပွဲစလေပြီ။ “အတက်တိုရိုက်ချက် မိုးသို့ တက်”ဟုအော်ကာ အတက်တိုကခုန်ဝင်ပြီး ဆွန်မိုင်ကိုရိုက်ချလိုက်သည်။ ဆွန်မိုင်ကလည်းသတိကောင်းသူပီပီ နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီးသူ၏ဆန်ချပ်ကူကိုကြက်ခြေခတ်ပုံစံလုပ်ပြီးခံပေးလိုက်လေသည်။ ဖျောင်းခနဲ ကျယ်လောင်သောမြည်သံနှင့် အတူ နှစ်ဦးစလုံးနောက်သို့ အသီးသီးလန်ထွက်သွားကြသည်။ ဆွန်မိုင်၏သံမဏိ ဆန်ချပ်ကူဒဏ်ကြောင့် အတက်တို လက်အနည်းကျင်သွားလေ၏။ ဒါကိုသတိထားမိလိုက်သော ဆွန်မိုင်ကငါးခူပြုံးပြုံးလိုက်ပြီး ဆန်ချပ်ကူကြီးကိုဝေ့ ကာ အတက်တိုကို ကန့် လန့်် ဖြတ်ရိုက်ချလိုက်လေသည်။ အတက်တိုကလှပစွာရှောင်ရင်း ဆွန်မိုင်၏ ခေါင်းပေါ်မှကျော်ကာနောက်သို့  တစ်ပတ်ကျွမ်းပစ်လိုက်လေသည်။ ထို့ နောက် ဆွန်မိုင်၏ နောက်တည့် တည့် တွင် မတ်တပ်ရပ်အနေအထား လေထဲမှပြန်ကျကာ ဆွန်မိုင်အား သူ့  အတက်တိုတစ်ခုဖြင့် ခွဆုံနေရာတစ်ခုသို့  အားကုန်ထိုးလိုက်လေသည်။အဖြစ်အပျက်မှာမြန်ဆန်လွန်းသဖြင့် ဆွန်မိုင်မှာ ကာကွယ်လိုက်ချိန်မရဘဲ မျက်နှာကြီးနီပြီး “ဒီနေ့ 4D… 4D..မထိုးရသေးဘူး” ဟုညှစ်အော်ကာလဲကျသွားလေတော့ သည်။ မြန်မာအတက်တိုက စူကာပင်ဆွန်မိုင်အား သိုင်းကွက်သုံးကွက်ထဲ နှင့် ထူးကဲစွာ အပြတ်အသတ် အနိုင်ယူသွားလေပြီ။ မြန်မာဘက်မှလာရောက်ကြည့် ရူနေသော ပရိတ်သတ်ကဝါးလက်ခုပ်များတီးပြီး အတက်တိုကို သြဘာပေးကြသည်။ မြန်မာတို့ ၏ သိုင်းပညာအစွမ်းကားလွန်စွာကြီးမားပေစွ။
ပြိုင်ပွဲများမှာ များပြားလှသော်လည်း ဤဝတ္ထုသည် အခန်းဆက်သိုင်းဝတ္ထုမဟုတ်သဖြင့် မြန်မာ့  ထိပ်သီးသိုင်းသမားများ၏ ပြိုင်ပွဲများကို သာအတိုချူံး၍ ဖော်ပြခြင်းကို စာဖတ်ပရိတ်သတ်အနေဖြင့်  စာရေးသူအားနားလည်ပေးစေချင်ပါသည်။ (နားလည်အောင်ရှင်းပြတာတော်တော်ရှည်သွား၏။)
နောက်ထပ်အထိကရ ပြိုင်ပွဲတစ်ခုကိုတင်ဆက်ပါအုံးမည်။ မြန်မာဘက်မှ အတွင်းအားဘုရင်အရိပ်မဲ့
ဓားပေါက်လှနှင့် အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်သား ဂတ်တက (Gatka) ဓားသိုင်းသမား မန်ဒူဂူတို့  ၏ပြိုင်ပွဲပေတည်း။ ပေါက်လှမှာ အတွင်းအားနှင့် ခွန်အားအရာ၌သာ သန်မာသည်မဟုတ် မြန်မာ့  သိုင်းပညာများဖြစ်သည့်  ဗန်တို ၊ ဗန်ရှည် အပြင် လူသိနည်းသော ဗန်လတ်ပညာကိုပင် ဒလ တဖက်ကမ်းသို့ လှေထိုးခတ်ကာသွားရောက်သင်ယူခဲ့ သူဖြစ်၏။
ပွဲစသည်နှင့် ဓားပညာကိုအဓိကထားသော မန်ဒူဂူသည်ပေါက်လှကို သူ၏ “ရက်စက်စီနီယာ”တိုက်ကွက်ဖြင့်  ဒရစပ်ဝင်ရောက်တိုက်ခိုက်သည်။ ပေါက်လှကလည်း သူ၏ကျော်ကြားသောဗန်ရှည် “အပြုံးနဲ့မိတ်ဖွဲ ”့ ဓားသိုင်းဖြင့် ခုခံကာကွယ်၍တန်ပြန်တိုက်ခိုက်သည်။ မန်ဒူဂူ၏ တိုက်ကွက်များမှာ ရက်စက်သလို အခန့် မသင့်  ပါက တစ်ချီတည်းနှင့်  အပြုတ်ဖြုတ်နိုင်သောအကွက်များဖြစ်သည်။ ပေါက်လှ အတွေ့  အကြုံရှိသောကြောင့် သာ ပွတ်ကာသီကာရှောင်နိုင်ခြင်းဖြစ်သည်။ နှစ်ဦးသားတိုက်ခိုက်ကြသည်မှာ သိုင်းကွက် ၇၀ ကျော်ခဲ့  လေပြီ။ ပွဲအစ၌ မန်ဒူဂူကဖိ၍တိုက်ခိုက်နေသော်လည်း ရေရှည်၌မူ ခွန်အားဗလအပြင် စိတ်ဓာတ်ပါခိုင်မာလှသော မြန်မာသိုင်းသမား ပေါက်လှကိုမယှဉ်နိုင်ပေ။ တစ်ကြိမ်တွင်မူမန်ဒူဂူကသူ၏ “ရှောင်တခင်ခွင့် ရက်ရှည်ယူ” ဓားဖြင့် မိုးပြီးအခုတ် ပေါက်လှကလှည့်  ရှောင်ပြီး နောက်ကျောကို ပိတ်ကန်လိုက်ရာ မန်ဒူဂူမှာ အရှိန်လွန်ပြီး ရှေ့ ကိုဟတ်ထိုးလဲကာ ရှေ့  သွား ၄ ချောင်းကျိုးသွားလေသည်။
နဂိုကမှ မောနေသဖြင့်  သိက္ခာအရ သာ လိုက်လံတိုက်ခိုက်နေသော်လည်း ယခုအခါ သွားပါကျိုးပြီဖြစ်သောကြောင့်  သွားတုတပ်ရမည့်  အရေးတွေးကာစိတ်ဓာတ်ကျပြီး အရှူံ့းပေးလိုက်လေတော့ သည်။ သို့ သော်လည်း ကြင်နာတတ်သော ပေါက်လှကပြိုင်ပွဲအပြီးလက်ဆွဲနုတ်ဆက်ရင်းမန်ဒူဂူ၏ ကွမ်းဂျိုးတက်နေသောသွား ၄ ချောင်း သူ့  ကြောင့် ကျိုးသွားခြင်းအတွက်စိတ်မကောင်းဖြစ်ကြောင်း ၊ သူ့ အသိ ကုလားသွားစိုက်ဆရာဝန် တစ်ယောက်ထံသို့ လမ်းညွှန်ပေးလိုကြောင်း ကို တရုတ်ဘာသာဖြင့်  ယဉ်ကျေးစွာပြောရာ မန်ဒူဂူကသွားချိုးပစ်ယုံမကဘဲ လူကိုပါဆဲသေးသည်ထင်သဖြင့်  စိတ်ဆိုးသောကြောင့်  အုတ်အော်သောင်းနင်းဖြစ်သွားသေး၏။ မည်သို့ ပင်ဆိုစေ ထိုပွဲသည် ကမ္ဘာအရပ်ရပ်၌ မည်သည့်  အားကစားပြိုင်ပွဲတွင်မဆို သုံးလေ့ ရှိသည့်  “Fair Play” ကိုမြန်မာလူမျိုးသိုင်းသမားက ထင်ထင်ရှားရှားပြသလိုက်သောပွဲပင်တည်း။
ဤသို့ ဖြင့် ပြိုင်ပွဲ၏ ဆဋ္ဌမနေ့ သို့ ပင်ရောက်ရှိခဲ့ လေပြီ။ မြန်မာသိုင်းသမားများမှာ ပညာရည်ပြည့်  ဝ ကြကာ ပွဲတိုင်းနိုင်ကြသဖြင့်  အခြားနိုင်ငံမှသိုင်းလောကသားများပင် မနာလိုဖြစ်ကြသည်။ ထို့  ကြောင့် စူကာပင်ဒိုင်လူကြီး လေရွံ့ လုံး ၊ ဂူရှစ်ထောင် အပါအဝင် ရွှေပန်းနဲ့ ဖွားဖွားပင်လျှင် သူတို့  စူကာပင်များသိုင်းလောကခေါင်းဆောင် မဖြစ်နိုင်လေပြီလားဟု အတွင်းကျိတ် ပူပန်စပြုလာချေပြီ။ မြန်မာပြည်မှ ဒီတကြိမ်ပါဆို ဒုတိယအကြိမ်မြောက် သိုင်းလောကခေါင်းဆောင် ပေါ်ထွက်လာအုံးမည်လောဟု စိုးရိမ်နေလေပြီ။ (မှတ်ချက်၊ ပထမဆုံးအကြိမ် မြန်မာများထဲမှ သိုင်းလောကခေါင်းဆောင် ဖြစ်ခဲ့ ဖူးသော ကိုတိမ်တောက်မှာ သိုင်းလောက၏ ရက်စက်မှုတို့ ကို မနှစ်သက်တော့ သဖြင့် သိုင်းလောကကိုကျောခိုင်းကာ Facebook ကိုသာငြိမ်းချမ်းစွာကစားနေတော့  သည်။)
စူကာပင်တို့ ၏ စိုးရိမ်မှူမျိုးစေ့ တို့ အပင်ပေါက်ခဲ့ လေပြီလော။ တစ်ချိန်က လွန်စွာကျော်ကြားခဲ့ သော ဝူတန် ၊ အော်မေ့ ၊ ခွန်လွန် နှင့် အခြားဂိုဏ်းကြီးမှသိုင်းသမားတို့ မှာ အုပ်စုပွဲ၌ ပင်ပြုတ်ခဲ့  ကြလေသည်။ အရှူံးအမားတို့ ထုံးစံအတိုင်း ငေးကြည့် နေကြရုံမှတပါး မတတ်နိုင်ကြလေပြီ။ အကြောင်းမှာကား နောက်ဆုံးဆန်ကာတင် သိုင်းသမားများမှာ မြန်မာများဖြစ်ကြသည်။ ပြိုင်ပွဲကော်မတီဝင် လေရွံ့ လုံးက “အခု နောက်ဆုံးပွဲ အနေနဲ့  ပုလင်းနမ်းမင်းသားကြီး နှင့်  အတွင်းအားဘုရင်ပေါက်လှ လို့ ဘဲ ဖြစ်ပါတယ်”ဟုစိတ်မပါ့ တပါ ဖြင့် ကြေညာလိုက်လေသည်။
ပုလင်းနမ်းမင်းသားကြီး နှင့်  အတွင်းအားပေါက်လှတို့ မှာလည်း အတွင်းသိများပီပီ ရယ်ကျဲကျဲဖြင့်  ကွင်းအတွင်းသို့ ဝင်လာကြပြီး ဒိုင်လူကြီးများ ဘက်သို့ လှည့် ကာ လေးစားသမှူဖြင့်  အသီးသီး လက်ခလယ်ထောင်ပြကြလေသည်။ (မှတ်ချက် ၊ ထိုအချိန်က လက်ခလယ်ထောင်ပြခြင်းသည် အလွန်ယဉ်ကျေးပြီး အဆင့် အတန်းမြင့် သောအပြုအမူဖြစ်သည်။) သို့ သော်နောက်ဆုံးပွဲ ဖြစ်သည်နှင့်အညီ လက်ချည်းသက်သက်သာယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပုလင်းနမ်းမင်းသားကြီးမှာ မြန်မာသိုင်းလောက၌တစ်ဦးတည်းသော အရက်မူးသိုင်းသမားဖြစ်သည်။ သောက်သက်ရင့် သလို အရက်မူးသိုင်းကျင့် စဉ်လည်းပြင်းသူဖြစ်သည်။
အများမျှော်လင့် ခဲ့ သော ပွဲစလေပြီ။ ပုလင်းနမ်း မင်းသားကြီးက “ရေမရောခွက်ချင်” တိုက်ကွက်ဖြင့်  စတင်ပြီးသွေးတိုးစမ်းကာ တိုက်လိုက်သည်။ ပေါက်လှအဖို့ သူမျှော်လင့် ထားသည့်  အတိုင်းတိုက်လာသည်မို့ “အမြည်းစားဗိုက်တင်း” အကွက်ဖြင့် ကာကွယ်လိုက်သည်။ ပုလင်းနမ်းကလည်းခေသူမဟုတ် “ခွက်မလဲကြည့် နေ” အကွက်ဖြင့် အလစ်ကိုချောင်းတိုက်၏။ ပေါက်လှက ဗန်လတ်ပညာ၏ အလယ်အလတ်ဖြစ်သော “အကြောင်းပြအပေါ့ သွား” အကွက်ဖြင့်  တန်ပြန်တိုက်လေသည်။ ဤသို့ ဖြင့် ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်ရင်း ထိပ်သီး သိုင်းကွက်ပေါင်း ၅၀၀ ကျော်မျှပင်ရှိချေပြီ။ အနိုင်အရှူံးက မပေါ်သေး။ တစ်ယောက်က နားရွက်ဆွဲလိုက် ၊ တစ်ယောက်က နားရင်းအုပ်လိုက် ၊ တစ်ယောက်က နဖူးတောက်လိုက် ဖြင့်  ခေါက်ဆွဲစားနေကြသည်။
ပရိတ်သတ်ကြီးကလည်း တခဲနက် တိတ်ဆိတ်နေကြသည်။ ဒိုင်လူကြီးများလည်း အိမ်ပြန်ချင်နေကြပြီ။ နောက်ဆုံး၌ ဒိုင်လူကြီးများ ဆုံးဖြတ်ချက် ဒုံးဒုံးချလိုက်ကြသည်။ “ဟေ့ ..ရပ်လိုက်ကြ” ဟု လေရွံ့ လုံး ကအော်ကာ တားလိုက်သည်။ နှစ်ယောက်သား ခေါက်ဆွဲစားနေရင်းမှ “ဘာလဲဗျာ” ဟူသောသဘောဖြင့် နှစ်ယောက်သားလှည့်  ကြည့် ကြသည်။ ဤတွင်မှ ဒိုင်လူကြီးများက “မောင်မင်းတို့ လက်ရည် ဟာ သူမသာ ကိုယ်မသာဘဲ၊ ကျူပ်တို့ ဆက်ကြည့် နေရင် ကျူပ်တို့ အိမ်ကမိန်းမတွေကျုပ်တို့ အိမ်ပြန်မလာတော့ဘူးထင်ပြီး နောက်အိမ်ထောင်ပြုသွားနိုင်တယ်။ ဒါကြောင့် မောင်ရင် တို့ ကို ပထမဆုံးအကြိမ်အဖြစ် Toto သိုင်းခေါင်းဆောင်ရွေးပွဲ ရာဇဝင်မှာ မရှိဘူးတဲ့ ပူးတွဲချန်ပီယံဆုကို ချီးမြှင့် လိုက်တယ်။”ဟုပြောကာ သိုင်းသမားနှစ်ဦးအား ဆုအသီးသီးကိုချီးမြှင့် လိုက်လေသည်။ သိုင်းသမားများကလည်း ဒိုင်လူကြီးများအား လက်ဆွဲနုတ်ဆက်ကြပြီး လက်ခလယ်များထပ်ထောင်ပြကြလေသည်။
ဤသို့ ဖြင့် ........ထိပ်ထိပ်ကျဲသိုင်းခေါင်းဆောင်ရွေးပွဲကြီးမှာအောင်မြင်စွာ အဆုံးသတ်ခဲ့ လေသည်။ သို့ သော် ပရိတ်သတ်ကြီးအပါအဝင် မည်သူမျှမသိလိုက်သည့် အချက်မှာကား ထိုပူးတွဲသိုင်းလောက ထိပ်ခေါင်နှစ်ယောက်မှာ အငြိမ်းစားသိုင်းလောကခေါင်းဆောင်ကြီး ကိုတိမ်တောက်၏ တပည့်  ကလေးများဖြစ်နေခြင်းပေတည်း။
အမှာစကား
ဤဝတ္ထုဖြင့် သက်ဆိုင်သူ သူငယ်ချင်းဇာတ်လိုက်များအားကျီစယ်ဂုဏ်ပြုလိုက်ပေသည်။
စူကာပင်မှစိန်ခေါ်သံများ
Saturday, August 27, 2011
tain tauk
Posted in
ဟာသ
ရေအိုးလေးတစ်လုံးအကြောင်း
Monday, June 14, 2010
tain tauk
ရှေးရှေးတုန်းက အိန္ဒိယပြည်က ရွာကလေးတစ်ရွာမှာ ရေထမ်းသမားတစ်ယောက်ရှိသတဲ့။သူဟာ ရွာထဲမှာရှိတဲ့အိမ်တွေကို မနက်တိုင်းရေထမ်းပို့  ရတယ်။ ရွာထိပ်မှာရှိတဲ့ စမ်းချောင်းထဲကရေကိုခပ်လိုက်၊ ရွာထဲကိုရေတွေသယ်လိုက်နဲ့ ပေါ့ ။
အဲဒီ့ ရေထမ်းသမားမှာ ရေအိုးနှစ်လုံးရှိသတဲ့။ တစ်လုံးက အကောင်းပကဓိ ဖြစ်ပြီးတော့ နောက်တစ်လုံးကတော့ အက်ကြောင်းတစ်ခုပါသတဲ့။ ဒါကြောင့် အက်နေတဲ့အိုးကသယ်နိုင်တဲ့ရေပာာ ရွာထဲကိုရောက်တဲ့အချိန်ဆို ထက်ဝက်လောက်ပဲကျန်တာပေါ့ ။
ဒီလိုနဲ့ နှစ်တွေကြာလာတော့ ကောင်းတဲ့အိုးက ရေအမြဲပြည့်ပြည့်ဝဝ သယ်နိုင်တော့ သူ့  ကိုယ်သူအမြဲဂုဏ်ယူသတဲ့။ အက်ကြောင်းပါတဲ့အိုးကတော့ သူ့ ရဲ့ ချွတ်ယွင်းချက်အတွက် စိတ်ထိခိုက်ပြီး သိမ်ငယ်နေတာပေါ့ ။တနေ့ မှာ အက်နေတဲ့အိုးက ရေထမ်းသမားကိုပြောတယ်၊ “သခင်.. ကျွန်တော်လေ ကိုယ့်ကိုယ်ကို ရှက်မိတယ်။ သခင်ကိုလဲတောင်းပန်ပါတယ်။”လို့ 
ပြောတော့၊ ရေထမ်းသမားက “ ဘာဖြစ်လို့  ရှက်ပြီးဘာကိုတောင်းပန်ချင်တာလဲ” လို့  မေးတယ်။ အက်နေတဲ့ရေအိုးက “ကျွန်တော့်ဟာ ကျွန်တော့်မှာရှိတဲ့ အက်ကြောင်းကြောင့် သယ်တဲ့ရေရဲ့ထက်ဝက်လောက်ကိုသာ လိုရာခရီးကို သယ်နိုင်ပါတယ်။ ဒီအက်ကြောင်းကြောင့်သခင်ဟာ အလုပ်တွေပိုပြီးလုပ်ရတဲ့အပြင် သခင့်  ကြိုးစားအားထုတ်တာနဲ့ ထပ်တူညီတဲ့ ရလာဒ်ကို မခံစားရဘူး။ဒါကြောင့်ကိုယ့်ကိုယ်ကို ရှက်ပြီး သခင့်အပေါ်မှာ မတရားသလို ခံစားရတာပါ။” ဟုပြောလေ၏။
ထိုစကားကိုကြားတော့ ရေထမ်းသမားက အက်နေတဲ့အိုးကို ဂရုဏာသက်ပြီး “ကောင်းပြီ မင်းရဲ့ စိတ်မကောင်းဖြစ်တာကို သခင်နားလည်ပြီ၊ ဒါပေမဲ့ အခု စိတ်ညစ်တာကို ခဏမေ့ပြစ်ပြီး ဒီနေ့  စမ်းချောင်းကနေ ရွာကိုအပြန် ၊ လမ်းရဲ့  တဖက်တည်းမှာပေါက်နေတဲ့ ပန်းရိုင်းလေးတွေကိုသတိပြုစေချင်တယ်။” လို့  ပြောတယ်။ အက်နေတဲ့အိုးလည်း သူ့  သခင်ပြောတဲ့အတိုင်းသတိပြုကြည့်တယ်။ အရောင်စုံတဲ့တောပန်းကလေးတွေပွင့်နေတာတွေ့ တော့ သူနဲနဲတော့ပျော်ပြီးကြည်နူးမိတယ်။ ဒါပေမဲ့လည်း ရွာကိုရောက်တော့  ရေက ထက်ဝက်လောက် ယိုမြဲဖြစ်နေတာတွေ့ ပြီးစိတ်ညစ်ရပြန်တာပေါ့ ။
ဒါကိုတွေ့ တဲ့သခင်က“ ဘယ်လိုလဲ? လမ်းမှာတွေ့  ခဲ့တဲ့ပန်းတွေလှတယ်မို့ လား? အဲ့  ဒီပန်းတွေဟာ မင်းရဲ့ ဘက်အခြမ်းမှာပဲ ရှိနေပြီး တခြားကောင်းတဲ့အိုးရဲ့  ဘက်မှာမရှိတာကိုရော မင်းသတိထားမိရဲ့ လား? သခင်ဟာမင်းရဲ့  အားနည်းချက်ကို သိတဲ့  အတွက် အဲဒါကိုအကောင်းဆုံးအသုံးချခဲ့တယ်။
မင်းရဲ့ အက်ကြောင်းရှိတဲ့ဘက်ကိုအလေ့ကျပေါက်နေတဲ့ပန်းပင်တွေဘက်မှာ ထားပြီး သခင်ဟာ အပင်တွေကိုရေလောင်းပေးခဲ့တယ်။ ဒါကြောင့် ပန်းတွေပွင့်ကြတယ်။ သခင်ဟာ ဒီတောပန်းကလေးတွေကို ခူးပြီးအိမ်မှာ နတ်ဘုရားကိုလှူတယ်။ အိမ်ထဲမှာလဲ လှူထားတဲ့ပန်းရနံ့  တွေနဲ့  သင်းပြီးမွှေးနေတယ်။ ဒီလိုစိတ်ကြည်နူးမှူတွေဟာ မင်းမှာရှိနေတဲ့ရေယိုစေတဲ့ အက်ကြောင်းလေးသာမရှိခဲ့ရင် ဘယ်ဖြစ်လာပါ့ မလဲ။ တို့  တွေအားလုံးမှာ ချွတ်ယွင်းချက်ကိုယ်စီရှိကြတာပါပဲ၊ ကိုယ့်ရဲ့ အားနည်းချက်ကို သိထားရင် ချွတ်ယွင်းချက်ကနေ အလှတရားသို့ မဟုတ် အောင်မြင်ခြင်းကိုဖန်တီးနိုင်စမြဲပဲ၊ ဒီချွတ်ယွင်းချက်ဟာ ရှက်စရာ မဟုတ်သလို၊ တောင်းပန်စရာလဲ မဟုတ်ပါဘူး”လို့ ရေထမ်းသမားက အက်ကြောင်းရှိတဲ့အိုးကလေးကို ရှင်းပြလိုက်လေသတည်း။
မှတ်ချက်
ပုံပြင်လေးကိုဆီလျော်အောင် ဘာသာပြန်ရင်း သင့်တော်သလိုမွမ်းမံလိုက်ပါတယ်။
Original Stories ကိုဖတ်ချင်ခဲ့ရင်တော့ အောက်က Link တွေကတဆင့်သွားနိုင်ပါတယ်။
http://www.story-lovers.com/listscrackedpotstory.html#crackedpotonline
http://www.lovethissite.com/crackedpot/
Posted in
ဘာသာပြန်
လမင်းကြီးနှင့်စကားပြောခြင်း
Saturday, May 29, 2010
tain tauk
ညစာစားသောက်အပြီး နောက်ဖေးပြတင်းပေါက်ဖက်အထွက် မျက်စိက ကောင်းကင် ဆီ ရောက်သွားမိသည်။ လမင်းကြီးက ထိန်ထိန်သာနေ တာတွေ့ မှ “ဟာ ဒီနေ့ နယုန်လပြည့်နေ့ ပါ လားဆိုတာ သတိရသွား၏။”
ကလေးတုန်းကဆို ဒီလိုလသာရင် ကစားလို့ သိပ်ကောင်း။ ညစာထမင်းစားပြီးတာနဲ့  အိမ်ရှေ့ လမ်းမကိုထွက် သူငယ်ချင်းတွေနဲ့  လူစု၊ ပြီးရင် ရှိသမျှကစားနည်းကုန်အောင်ဆော့တော့တာပဲ။ ဗုတ်တလုတ်တစ္တေဆော့မလား ၊ ဆစ်ဆလီ ဘာရွက်လဲ ဆော့မလား ၊ ဒါမှမဟုတ် ပုံပြင်ပဲစုပြီးပြောကြမလား။ ညနဲနဲနက်လာလို့  အမေတွေက အသီးသီးအော်ခေါ်တော့မှ မပြန်ချင် ပြန်ချင်နဲ့ လူစုခွဲပြီး အိမ်ကိုပြန်ကြတာ။
လူပျိုပေါက်ဖြစ်လာပြန်တော့လည်း လသာနေရင် ဂီတာစုပြီးတီးကြအော်ကြ ၊ လရောင်အောက်မှာရောက်တတ်ရာရာလေးတွေစုပြီး ပြောလိုက်ကြ၊ ရယ်ကြမောကြ။ တန်ဆောင်မုန်းလပြည့်ညတွေ ဆို အပျော်ဆုံးပေါ့။ ရပ်ကွက်က ကာလသားခေါင်း အစ်ကိုတွေနဲ့  ကြက်သားနဲ့  ဘူးသီးကာလသားချက်လေးချက် ၊ ရှိသမျှ လူငယ်တွေ လိုက်နှိုး ၊ ပြီးရင် စုပြီးပျော်ပျော် ပါးပါး စားကြတာပေါ့။ ညဥ့်နဲနဲ နက်ပြီး သက်ကြီးခေါင်းချချိန်လောက်ရောက်ပြီဆို ကျီးမနိုးပွဲ ဆော့ကြပြီ။ မနက်လေးနာရီလောက်ရောက်မှ အိမ်ပြန်အိပ်ကြ။ အရမ်းပျော်ဖို့  ကောင်းတဲ့အချိန်တွေပေါ့။……….
တခါတလေကျတော့လည်း လသာရင် အိမ်ရှေ့ ခြံဝိုင်းလေးထဲမှာ ကုလားထိုင်လေးတွေချ ၊ အမေက လက်ဖက်သုတ် ဂျင်းသုတ်လေးသုတ် ၊ ရေနွေးကြမ်းလေး တဖူးဖူးမှူတ်သောက်ရင်း မိသားစု စကားပြောကြ။ အမေတို့  အဖေတို့ ကငယ်ငယ်က အကြောင်းတွေပြန်ပြော ၊ အဖေကရွှေတောင်မြို့ နယ် ၊ ကျီးသဲ ဇာတိ ဆိုတော့ သူတို့ ရွာက “ဝ” ဘုရားအကြောင်း ၊ နတ်ရေကန်အကြောင်းတွေ ၊ ဧရာဝတီ မြစ်ထဲမှာ သောင်တွေထွန်းလို့  သောင်ပေါ်မှာ သွားဆော့ရင် ပျော်စရာ ဘယ်လိုကောင်းတယ် ၊ သူတို့ ငယ်ငယ်တုန်းကဆို ရွှေနတ်တောင် ဘုရားပွဲက ဘယ်ပုံ ဘယ်မျှ စည်ကားသည် စသဖြင့် ပြန်ပြောပြတယ်။ အဖေ တို့  အမေတို့ ပြောတာနားထောင်လိုက် ၊ ရေနွေးကြမ်းလေး သောက်လိုက်၊ လေနဲ့ အတူပါလာတဲ့ ညမွှေးပန်း ရနံ့ လေးတွေ ရှူ ရှိုက်လိုက် ၊ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ကြည့်လိုက်နဲ့  အဟုတ်ပဲပေါ့။………..
အော်အခုများကျတော့လည်း……….
လမင်းကြီးရေ မင်းကပဲ နေရာမှားပြီးသာနေတာလား?
ငါကပဲ နေရာလွဲပြီးရောက်နေတာလား?
အရင်တုန်းက လသာတဲ့ညလေးတွေ လွမ်းလိုက်ပါဘိ။…………
Posted in
ရသ
အိပ်မက်တံခါးတစ်ခုပွင့်ချိန်
Friday, May 28, 2010
tain tauk
ကျောင်းပြီးသွား ကတည်းက အခုဆို လေးလမြောက်ပြီ၊ အိမ်ကိုလဲပြန်လည်ချင်နေပြီ ၊ စပြီးကျောင်းလာတက်ကတည်းက မပြန်ဖြစ်တာ။ First Semester နဲ့  Second Semester ပြီးတုန်းကလည်း ကျောင်း လခ ရှာရတာနဲ့ မပြန်ဖြစ်ခဲ့။ အော်ကျောင်းပြီးသွားတော့လည်း အလုပ်ရဖို့  ကအရေးကြီးတယ်လေ လို့ တွေးပြီးအလုပ်ဆက်ရှာရတာပေါ့။
အချိန်ပိုင်းအလုပ်ဝင်လုပ်ရင်း အလုပ်ကြီးရပါစေလို့  ဆုတောင်းရတာလဲအမော။Interview တွေကလည်း သွားလိုက်တိုင်းအဆင်မပြေ။ ဒီကြားထဲ Interview သွားရတဲ့နေရာက လိုင်းကားမရောက်ရင် အချိန်ပိုင်း လုပ်လို့  ရ သမျှလေးတွေက လျှော့သွားပြန်ရော၊ သွားလို့  အဆင်ပြေရင်တော့မျှော်လင့်ချက် လေးတွေနဲ့  အပြန်လမ်းလေးမှာ စိတ်ဓာတ်တွေတက်ကြွ လို့ ။ မိုးမျှော်တိုက်ခန်းကြီးတစ်ခုရဲ့ အပေါ်ကရုံးခန်းကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုယ့်ပုံကိုစိတ်ကူးနဲ့  မြင်ယောင်ကြည့် ပြီးကြိတ်ပြုံးမိပြန်ရော။ အဆင်မပြေပြန်တော့လည်း လေထဲတိုက်အိမ်မဆောက်နိုင်ပြန်ဘူးပေါ့။ CV ကလည်း ပြင်ရ လွန်းလို့  အထဲကကိုယ့်ရုပ်ကိုယ်တောင် ပြန်အားနာနေပြီ။ အထဲမှာရေးထားတဲ့ ဘွဲ့ နဲ့  အရည်အချင်းတွေကိုတောင်သံသယ ဖြစ်ချင်လာပြီ။ မိမိ့ကိုယ်ကို ယုံကြည်မှူ ဆိုတဲ့ဟာကို ကိုယ့်ကိုယ်ကို ဆိတ်ဆွဲပြီး ပြန်သတိပေးနေရတယ်။
တနေ့ တနေ့  ဝယ်လိုက်ရတဲ့ သတင်းစာ၊မရှိ မဲ့ရှိ မဲ့ပိုက်ဆံလေးတွေနဲ့ ။ ကွန်ပျုတာလဲ ခေါင်းတော်တော်မူးပြီးပင်ပန်းနေမှာပဲ၊ အားတင်းထားကွ လို့ ကိုယ့်ကိုယ်ကို ညာသံပေး ထားရတယ်။ အော်အခုမှ ကမ္ဘာ့ နိုင်ငံတွေမှာ လူတွေဘာကြောင့် suicide လုပ်ကြတယ်ဆို တာကို နဲနဲ နားလည် ပေးလို့ ရလာတယ်။ အိမ်ကိုဖုန်းဆက်ရမှာကိုတောင် ရှက်လာတယ်။ ခေါက်ဆွဲပြုတ်တွေကို လဲ ဘာမဆိုင် ညာမဆိုင်ပိုမုန်းလာတယ်။
ဒီအိပ်မက်ဆိုးကြီးထဲကနေ လွတ်မြောက်ချင်လှပြီ။…………..
ဒီလိုနဲ့  ညဘက်အချိန်ပိုင်း အလုပ်အပြီးမိုးတွေရွာတဲ့မနက်တစ်ခုမှာ ကျွန်တော် အိမ်ပြန်ရောက် ရေ မိုးချိုးပြီး အိပ်ဖို့ ပြင်တုန်း ဖုန်းဝင်လာတယ်။ Interview ခေါ်တဲ့ဖုန်း။ လူက မျက်လုံး စင်းစင်းနဲ့  ပဲပြန်ဖြေနေရတယ်။ သူကလည်း ဒီနေ့ လာနိုင်မလား၊ ၅ နာရီလောက်ဆို အဆင်ပြေမလားနဲ့  မေးနေတယ်။ ကဲဒီလောက်တောင်ဖြစ်တာ လာနိုင်တယ် အဆင်ပြေတယ်လို့ ဖြေလိုက်တယ်။
ရောက်သွားတော့ ကိုယ်တပိုင်းက မိုးမိထားလို့ ကြွက်စုတ်ဖြစ်နေပြီ။ မေးသမျှ မေးခွန်းတွေကို ချမ်းချမ်းနဲ့  ပဲဖြေနေရတယ်။ ပုဂ္ဂိုလ်ကလည်း အသေးစိတ်မေးတယ်။ ကျွန်တော် သူ့ ကိုကျေးဇူးတင်တယ်။ သူမေးတဲ့တချို့ မေးခွန်းတွေက ကျွန်တော့်ကိုပြန်ပြီးနွေးထွေးသွားစေတယ်။ ၄၅ မိနစ်လောက်ကြာတော့ သူကမေးတာခဏ ရပ်ကာ ရုတ်တရက် သူ့ ရဲ့ အလုပ်ခန်းထဲလိုက်ပြ ပြီး ကျွန်တော့်ကို လုပ်နိုင်မလား လို့ မေးတယ်။ သိပ်လုပ်နိုင်တာပေါ့ လို့ ဖြေတော့ သူက ကျွန်တော့်ကို Interview အခန်းထဲပြန်ခေါ်လာပြီး offer စလုပ်တယ်။ ကျွန်တော့်ရင်ထဲမှာ ကုလားဘုရားပွဲ လှည့်နေပြီ။ ဝမ်းသာမှူတွေကို မျက်နှာမှာ မပေါ် အောင် ထိန်းထားပြီး ခဏခဏ မြိုချနေရတယ်။နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး အိုကေသွားတယ်။ သူ့ ကို နုတ်ဆက်ပြီးအထွက် ကျွန်တော့်ခြေထောက်တွေမြေကြီးနဲ့ တောင်မထိတော့ဘူးထင်ရတယ်ဗျာ။
အဆောက်အဦးအပြင်ရောက်တော့ ရွာနေတဲ့မိုးတွေလဲတိတ်၍နေပြီ။
ကျွန်တော့်ပျော်ရွှင်မှူတွေကို နွေးထွေးဆဲဖြစ်နေအောင်တိတ်ပေးထားတာ ထင်ပါရဲ့ ။…….
Posted in
ရသ
ထွေရာလေးပါး အီလက်ထရွန်တရား
Friday, January 01, 2010
tain tauk
ကျွန်တော် သူတို့ စကားဝိုင်း ထဲဝင်မိချိန်ကကျောင်းဆင်းချိန်။သူကဝိုင်းထဲမှာ ဦးဆောင်ပြီး ပြောနေတယ်။ သတိထားမိတော့ လူကခပ်သေးသေး ညှက်ညှက်၊ မျက်မှန်က ခပ်ထူထူ နဲ့ ။ သူက ပြော တယ် “ကျွန်တော်တို့ တစ်တွေ က တကယ်တော့ လူ့  ဘဝ ဆို တဲ့ အက်တမ် ကြီး ထဲ မှာ နေကြတဲ့ အီလက်ထရွန်တွေပဲဗျ။” ကျွန်တော်လဲ စိတ်ဝင်စားတာနဲ့  ဆက်နားထောင်နေမိတယ်။
သူက “ခင်ဗျားတို့ စဉ်းစားကြည့်၊ အက်တမ်တစ်လုံး ရဲ့ အထဲမှာ အီလက်ထရွန်တွေ ရှိကြတယ်ဗျာ။ ပြီးတော့ အဲ့ဒီ အီလက်ထရွန်တွေဟာ သူ့ တို့ ရဲ့ သီးခြား ပတ်လမ်းတွေထဲမှာ ရှိနေကြတယ်ဗျာ။သူတို့ က လုံလောက်တဲ့ စွမ်းအင်ရ တာနဲ့  ပတ်လမ်း တခုကနေ နောက်တခု ကို ခုန်ကြတယ်ဗျ။ ခင်ဗျားတို့ ကျွန်တော်တို့  ဘဝ ဟာ လဲထို့ နည်းတူပဲ၊ ငယ်ငယ်ကတည်းက နျုးကလီးယပ်စ် ရဲ့  ဆွဲငင်အားနဲ့  တူတဲ့ မိဘရဲ့ မေတ္တာရိပ် အောက်ကနေ တဖြည်းဖြည်း နဲ့  ခွဲခွာပြီး တ ဆင့်ပြီးတဆင့် အရွယ်ရောက် ကြီးပြင်းပြီး ရုန်းကန်လှူပ်ရှား လာကြရတယ်။ ပြီးတော့ ကိုယ့်အတ္တနောက်လိုက်ပြီး ကြိုးစားနေလိုက်ကြ ရတာ တဆင့်ပြီးတဆင့်ပဲ။ ဒါပေမဲ့ဗျာ လူနဲ့  အီလက်ထရွန် နဲ့  ကွာတဲ့အချက်က အီလက်ထရွန် ရဲ့  လောဘ စိတ်က လူထက်စာရင် ပိုနဲတယ်ဗျ။ သူ့  အတွက် အလင်းစွမ်းအင်လေးရတဲ့အထိ သီးခံပြီး စောင့်တယ်၊ ရလာတဲ့အခါမှ နောက်တဆင့်ကို ကူးတယ်။ ကျွန်တော်တို့  ခင်ဗျားတို့  ကတော့ လောဘစိတ်တွေ အတ္တစိတ်တွေနဲ့  တချိန်လုံးဆောက်တည်ရာ ကိုမရကြဘူးဗျာ။ ဒီကြားထဲ မှာ ကိုယ်ရမဲ့အခွင့်အလမ်း အတွက် ပြိုင်ဖက်ပေါ်လာရင် တိုက်ခိုက်ချင်ကြသေးတယ်။”
သူကဆက်ပြောသေးတယ်၊ “အီလက်ထရွန်တွေက သူတို့ အရောက်ချင်ဆုံးဖြစ်တဲ့ conduction band လို့  ခေါ်တဲ့ နေရာကိုရောက်ရင် သူတို့ ဘဝဟာ အောင်မြင်သွားပြီ။ လူတွေကျတော့ သူတို့ ရဲ အအောင်မြင်ဆုံးအချိန်ဆိုတာ ဘယ်အချိန်လဲဆို တာပြောရခက်တယ်၊ လက်ရှိအခြေအနေနဲ့  ပျော်ရွှင်မှူကိုတန်ဖိုးကို အလေးလဲမထားကျဘူး။ အနာဂါတ် အတွက်ပြင်ဆင်ရင်းနဲ့ ပဲ ပစ္စုပန်တွေဟာအဓိပ္ပါယ် မဲ့သွားကြတယ်။ ခင်ဗျားတို့ စဉ်းစားကြည့် လေ၊ ကျွန်တော်ပြောတာ မမှန်ဘူးလား” ဟုမေးရင်း သူကဆက်ပြော၏။ “ကျွန်တော်ကတော့ အီလက်ထရွန်လေးတွေကို ကျေးဇူး တင်တယ်ဗျာ၊ လောကကြီးထဲမှာ နေတတ်ထိုင်တတ်အောင်၊ ရောင့်ရဲ တတ်အောင်သင်ပေးရုံမက ကိုယ့်ဘဝရဲ့  လက်ရှိအချိန်လေးတွေကို တန်ဖိုးထားပြီးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်အောင်ပါသင်ပေးတယ်ဗျ။ ကဲ… စကားပြောကောင်းနေတာနဲ့  ပြန်လိုက်အုံးမယ်” ဟုပြောကာ သူကကောက်ခါငင်ကာဖြင့်နူတ်ဆက်ကာထသွားလေသည်။
ထို့ နောက်ကျွန်တော်တို့  လဲလူစုခွဲလိုက်ကြလေ၏။ အပြန်လမ်းတလျှောက် ကျွန်တော်လဲ သူ့ စကားကို ပြန် စဉ်းစားမိရင်း ဘာမဆိုင် ညာမဆိုင် အီလက်ထရွှန်များကို စိတ်ကူးဖြင့် မြင်ယောင်ကြည့် ကာ ရုတ်တရက်… ဒီညခေါက်ဆွဲပြုတ်စားရင် ထည့်  စားဖို့  ဝက်သားလုံးတွေ ဝယ်သွားအုံးမှ ဟု သတိရ ကာ ဈေးအတွင်း သို့ ဝင်ခဲ့လေသတည်း။
Posted in
ရသ